ပြန်ကြားရေးဝန်ကြီးဌာန အခမဲ့ ရုပ်သံ ၃ လိုင်း ထပ်လွှင့်မည်
DVB
·
February 12, 2013
ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာ့ရုပ်မြင်သံကြားကို ဒီဂျစ်တယ်စနစ် ပြောင်းပြီးရင် နောက်ထပ် အခမဲ့ရုပ်သံလိုင်း ၃ လိုင်း ထုတ်လွှင့်မယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ရုပ်သံလိုင်း ၃ လိုင်းကတော့ လွှတ်တော်ရုပ်သံလိုင်း၊ လယ်သမားတွေအတွက် ထုတ်လွှင့်ပေးမယ့် Farmer ရုပ်သံလိုင်းနဲ့ စာဖတ်သူတွေအတွက် Reader လိုင်းတွေဖြစ်ပြီး လာမယ့် စက်တင်ဘာလလောက်က စပြီး လွှင့်ထုတ်နိုင်မယ်လို့ သူက ရှင်းပြပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ အခမဲ့ရုပ်သံလိုင်းတွေအဖြစ် မြန်မာ့ရုပ်သံ၊ မြန်မာအင်တာနေရှင်နယ် ရုပ်သံ၊ MRTV-4၊ မြ၀တီရုပ်သံနဲ့ ချန်နယ် ဆဲဗင်း တွေက ထုတ်လွှင့်နေပြီး ကျန်တာတွေကတော့ အခပေးရုပ်သံလိုင်းတွေ ဖြစ်ကြပါတယ်။