ခန္တီးမြို့အနီး မြေငလျင်လှုပ်
DVB
·
December 25, 2019
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အနီးမှာ အင်အားရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့၊ မြန်မာ စံတော်ချိန် (၂၁)နာရီ၊ (၄၆)မိနစ်၊ (၃၁) စက္ကန့် အချိန် ကသာမြေငလျင်စခန်းမှ မြောက် -အနောက်မြောက်ဘက် (၁၁၄)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမြို့ အရှေ့ တောင်ဘက် (၁၇)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၇၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၁) ဒီဂရီ၊ အနက် (၇၈)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ မိုးဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။