Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေး ဝန်းရံသူ ၃ ဦးကို ထောင်ဒဏ်ချမှတ် 
DVB
·
December 25, 2019
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဝန်းရံခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုအောင်ကိုထွေးရဲ့ အစ်မအပါအဝင် ၃ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက ထောင်ဒဏ်အသီးအသီး ချမှတ်လိုက်ပါတယ်။ ကိုအောင်ကို ထွေးရဲ့ အစ်မ မနေဇာထွန်းကို ထောင်ဒဏ် ၁ နှစ်နဲ့ တခြားဝန်းရံသူ  နှစ်ဦးဖြစ်တဲ့ မခင်ချိုနိုင်နဲ့ ကိုမြင့်ဇော်တို့ကိုတော့ ထောင်ဒဏ် ၁ နှစ်ခွဲစီ  အမိန့်ချမှတ်လိုက်တာပါ။ မနေဇာထွန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မောင်ဖြစ်သူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၅၃  ရုန်းရင်းဆန်ခတ်မှုဖြစ်စေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတာပါ။ ကိုအောင်ကိုထွေးဟာ ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုလို့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပါတယ်။  အဲဒီအမှုကို ရင်ဆိုင်နေစဉ်မှာ တရားရုံး မထီမဲ့မြင့်မှုနဲ့ ထပ်မံတရားစွဲဆိုခံရလို့ ထောင်ဒဏ် ၆ လချမှတ်ခံထားရပြီး စက်တင်ဘာ ၆ ရက်နေ့မှာ လွတ်ရက်စေ့လို့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်ခဲ့ပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024