ဝီလ်စမစ်သ်နှင့် တွမ်ဟော်လန်ဒ် အသံနှင့်သရုပ်ဆောင်ထားသည့် ဟောလိဝုဒ် အဲန်နီမေးရှင်းရုပ်ရှင်- Spies in Disguise(နမူနာ)

Computer-Animated Spy ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Spies in Disguise ရုပ်ရှင်ကို နိုင်ငံတကာမှာ ဒီကနေ့စတင်ပြီး ရုံတင်ပြသနေပါတယ်။ Blue Sky Studios က ထုတ်လုပ်လိုက်ပြီး 20th Century Fox က ဖြန့်ချိပေး သွားမယ့် ဒီကားကိုတော့ ဒါရိုက်တာ ၂ ယောက်ဖြစ်ကြတဲ့ Nick Bruno နဲ့ Troy Quane တို့က ပူးပေါင်းပြီး ရိုက်ကူးပုံဖော်ပေးထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ စူပါစပိုင်အေးဂျင့်တယောက်ဖြစ်တဲ့ Lance Sterling နဲ့ စစ်ဆင်ရေးတွေမှာ လိုအပ်မယ့် ထူးထူးဆန်းဆန်း Gadgets တွေကို တီထွင်ပေးတတ်တဲ့ Walter Beckett တို့ရဲ့ ပူးပေါင်းမှုကို ရှုစားကြရမှာပါ။ တကယ်တမ်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အမူအကျင့်နဲ့ စရိုက်တွေ မတူကြပါဘူး။ တနေ့တော့ ကံမကောင်းစွာပဲ Walter Becket ကြောင့် Agent Sterling တယောက် ခိုတကောင် ဖြစ်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူတို့ မဖြစ်မနေ ပူးပေါင်းကြပြီး တလွဲတချော် Mission တွေနဲ့ ဘယ်လို ရှေ့ဆက်သွားကြမလဲဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Agent Sterling နဲ့ Walter နေရာမှာတော့ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်မင်းသား Will Smith နဲ့ Tom Holland တို့က အတွဲညီညီ အသံနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက ချီးကျူးမှုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားဟာ Annie Awards ဆန်ခါတင်စာရင်းမှာလည်း Best Character Design နဲ့ Best Music ဆုတွေနဲ့ စာရင်းဝင်နေခဲ့တာပါ။ IMDb မှာ Rating 6.4 ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၃ သန်းကနေ သန်း ၃၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up