ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် စတင်ဖွင့်လှစ်
သူဇာလင်း
·
December 24, 2019
တတိယအကြိမ် ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၃ ရက်ညက ကျင်းပရာမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြို့တော်ဝန်တို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။
ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာပါဖြစ်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်ခြံ၊ သခင်မြပန်းခြံ၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းပန်းခြံတွေမှာ ကျင်းပသွားမှာပါ။
ဒါ့အပြင် ဗိုလ်ချုပ်လမ်းတလျှောက် ရွှေတိဂုံဘုရားလမ်းထိပ်ကနေ သိမ်ဖြူလမ်းထိပ်အထိ စင်တွေတည်ဆောက်ထားပြီး ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စတုဒီသာ အကျွေးအေမွး အစီအစဉ်တွေလည်းပါဝင်ပါတယ်။