Home
မြန်မာသတင်း
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အေဒီဘီ ဆောင်ရွက်ပေးမည်
DVB
·
February 11, 2013
အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားစွမ်းရည်မြှင့်တင်ရေး အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့ Parkroyal ဟိုတယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ Haruhiko Kuroda က ပြောကြားခဲ့တာပါ။ [caption id="attachment_36292" align="alignleft" width="300" caption="ဖေဖော်ဝါရီ ၇ ရက်နေ့က ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနဲ့ပေါင်းစည်းရေးဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပခဲ့စဉ်"][/caption] အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ စီမံကိန်းတွေ ပြန်လည်လုပ်ဆောင်လာပြီး နောက်ပိုင်းမှာ အေဒီဘီ ဥက္ကဋ္ဌ အနေနဲ့ ဒါဟာ ပထမဆုံး မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံက မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း ကားလမ်း ဖောက်လုပ်ရေး စတဲ့ ကိစ္စတွေကိုလည်း အေဒီဘီ ဘဏ်ကနေပြီး ကူညီပေးသွားမယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်တွေအပေါ် မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးတွေကို ဂျပန်ရဲ့ အကူအညီနဲ့ ပြန်လည် ဆပ်နိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးချေးငွေအဖြစ် အေဒီဘီက ဒေါ်လာ သန်း ၅၀၀ ကျော် ချေးပေးသွားမယ်လို့ ဇန်န၀ါရီလက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မြန်မာနိုင်ငံထဲမှာ အေဒီဘီရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024