A d v e r t i s e m e n t With Us

နိုင်ငံ ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြု

ကနေဒါနဲ့ ဥရောပ၊ စကင်ဒီနေးဗီးယား နိုင်ငံအများစု ပါဝင်တဲ့ ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ စီးပွားရေး၊ အစည်းအဝေးနဲ့ လုပ်ငန်းကိစ္စအတွက်လာရောက်တဲ့ အဲဒီ နိုင်ငံသားတွေကို ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှာ ဖြစ်ပြီး သက်ဆိုင်ရာ သံရုံးတွေကိုလည်း အကြောင်းကြားထားပြီလို့ သူက ရှင်းပြပါတယ်။ နဂိုက ဆိုက်ရောက်ဗီဇာထုတ်ပေးတဲ့ နိုင်ငံ ၂၆ နိုင်ငံရှိတဲ့အတွက် စုစုပေါင်း ၄၈ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေပြီဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up