ကြို့ပင်ကောက်မြို့တွင် အနိမ့်ဆုံးအပူချိန် စံချိန်တင်
DVB
·
December 23, 2019
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့မှာ လွန်ခဲ့တဲ့ ၂ နှစ်ကထက် အအေးသိသိသာသာ ပိုခဲ့ပြီး အနိမ့်ဆုံး အပူချိန် စံချိန်တင်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုပါတယ်။
၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက ကြို့ပင်ကောက်မြို့ရဲ့ အနိမ့်ဆုံး အပူချိန်ဟာ ၁၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ဒီနေ့မှာတော့ ၇ ဒသမ ၅ စင်တီဂရိတ်အထိ စံချိန်တင် ကျဆင်းသွားတာပါ။
မိုးဇလဌာနထုတ်ပြန်ချက်အရ ဟားခါးနဲ့ ဟဲဟိုးတို့မှာလည်း ဒီနေ့ အနိမ့်ဆုံး အပူချိန် ၂ ဒီဂရီစင်တီဂရိတ်၊ နမ့်ဆန်နဲ့ ပင်လောင်းတို့မှာ ၃ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်မှာ ၅ ဒီဂရီစင်တီဂရိတ်၊ ပူတာအို၊ သီပေါ၊ လားရှိုး၊ ကျိုင်းတုံ၊ ပြင်ဦးလွင်နဲ့ လွိုင်ကော်တို့မှာ ၆ ဒီဂရီစင်တီဂရိတ်စီ အသီးသီး ရှိနေတယ်လို့ သိရပါတယ်။