A d v e r t i s e m e n t With Us

အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို ထပ်မံ အရေးယူ

ပြည်ပကနေ မော်တော်ကား တင်သွင်းရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကားတင်သွင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အကောက်ခွန်ဝန်ထမ်း ၁၆ ဦးကို အရေးယူလိုက်ကြောင်း အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်ခဲ့တဲ့အတွက် ဒီဝန်ထမ်းတွေကို မယူမနေရ အငြိမ်းစားပေးတဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အရေးယူအပြစ်ပေးခံရသူတွေထဲမှာ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် ၂ ဦး၊ ဦးစီးအရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၁၂ ဦး ပါဝင်ပြီး အမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ အကောက်ခွန် အေးဂျင့်တွေကိုလည်း ဆက်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up