လက်ဘနွန်တွင် ပလတ်စတစ်ပုလင်းများ သုံး၍ ခရစ္စမတ်သစ်ပင် ပုံဖော် 

လက်ဘနွန်နိုင်ငံ၊ ချီကာမြို့မှာ အခုသီတင်းပတ်အတွင်း ပလတ်စတစ် ပုလင်းတွေနဲ့ လုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်တခု ဖန်တီးလိုက်ပါတယ်။ အဲဒီခရစ္စမတ်သစ်ပင်ဟာ ၂၈ မီတာအမြင့်ရှိပြီး ပလတ်စတစ် ပုလင်းပေါင်း ၁၂၀,၀၀၀ ကျော်နဲ့ ဖန်တီးထားတာပါ။ ဒါဟာ ပလတ်စတစ်အမှိုက်တွေကို ပြန်သန့်စင် သုံးစွဲရေး လှုံ့ဆော်မှုတခု ဖြစ်လိမ့်မယ်ဆိုတာ မျှော်လင့်တယ်လို့ ခရစ္စမတ်သစ်ပင် ဖန်တီးသူ ကာရိုလိုင်းရှာဘတီနီက ပြောပါတယ်။  ကာရိုလိုင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပလတ်စတစ် ပုလင်းတွေကို စတင်စုဆောင်းခဲ့ပြီး  ပလတ်စတစ်ပုလင်း ၅၀၀နဲ့ ခရစ္စမတ်သစ်ပင် အသေးလေးတခုကို သမီးဖြစ်သူအတွက် လုပ်ပေးခဲ့ပါတယ်။  အဲဒီနောက် မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက ခရစ္စမတ်ကာလမှာ ဒီထက်ကြီးတဲ့ ပလတ်စတစ် ခရစ္စမတ်သစ်ပင် ဖန်တီးဖို့ အားပေးခဲ့ကြတယ်လို့ ကာရိုလိုင်းက ပြောပါတယ်။ ဒါ့ကြောင့် သူဟာ ၂၀၁၉ နှစ်လယ်လောက်မှာ ပလတ်စတစ်ပုလင်းအလွတ်တွေ စစုခဲ့ပြီး လူမှုမီဒီယာကမ်ပိန်းကနေတဆင့်လည်း ပလတ်စတစ်ပုလင်းအလွတ်တွေ အလှူခံခဲ့ပါတယ်။  ခရစ္စမတ်ကာလပြီးရင်တော့ အဲဒီပလတ်စတစ်ပုလင်းတွေကို ပြန်လည်သန့်စင်တဲ့စက်ရုံ ပို့သွားမယ်လို့ ကာရိုလိုင်းက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up