Home
မြန်မာသတင်း
ဒီဇင်ဘာ ၂၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် ပြည်နယ်နှင့်တိုင်း ၈ ခုတွင်ကျင်းပ
DVB
·
December 22, 2019
ဆရာစံဦးဆောင်ကာ နယ်ချဲ့အစိုးရကိုတော်လှန်ခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ကာ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အပါအဝင် ပြည်နယ်နဲ့တိုင်း  ၈ ခုမှာ ဒီနေ့ ပထမဆုံးအကြိမ် တပြိုင်တည်းကျင်းပပါတယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ဆရာစံဦးဆောင်ပြီး နယ်ချဲ့ကိုတွန်းလှန်ခဲ့တာကြောင့် နိုင်ငံတွင်းကတောင်သူလယ်သမားတွေရဲ့သဘောထားရယူပြီး အခုလိုကျင်းပတာဖြစ်တယ်လို့ တိုက်ကြီးမြို့နယ် တောင်သူလယ်သမားနှင့်စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဦးစိုင်းမြတ်ကျော်ထွေးက ပြောပါတယ်။  "တောင်သူလယ်သမားတွေက လွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့တယ်။ ခေတ် အဆက်ဆက်အစိုးရတွေကလည်း တောင်သူလယ်သမားတွေကိုအသိအမှတ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၁ ရက်ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ပြီး ကျင်းပပြုလုပ်ပေးခဲ့တယ်။ ၁၉၆၂     ဗိုလ်ချုပ်ကြီး နေဝင်းအာဏာသိမ်းပြီးတဲ့နောက် မတ်လ ၂ ရက်ကို ပြောင်းခဲ့တယ်။ ဒီဇင်ဘာ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သက်မှတ်ပေးဖို့ တောင်သူ အများစုရဲ့ သဘော ထားခံယူမှုနဲ့ လွှတ်တော်အဆင့်ဆင့်ကို တင်ပြသွားမယ်။တင်လည်းတင်ပြထားပြီးပြီ” မြန်မာနိုင်ငံမှာ  မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်  လက်ရှိအချိန်အထိ အစိုးရက တရားဝင် သတ်မှတ်ထားဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက တောင်သူတွေအနေနဲ့ တောင်သူလယ်သမားဥပဒေတွေ၊ န ည်းဥပဒေတွေကို သိရှိဖို့အတွက် တောင်သူလယ်သမားသမဂ္ဂသို့ ဝင်ရောက်စေလိုတယ်လို့ မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM)ဥက္ကဋ္ဌ  ဦးသန်းဆွေက ပြောပါတယ်။ “တောင်သူတွေအနေနဲ့ စည်းလုံးညီညွှတ်စေချင်တယ်။ အစိုးရအနေနဲ့လည်း တောင်သူ လယ်သမားတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့နေရာမှာ တောင်သူလယ်သမားတွေကို  နေရာပေးပြီး ပါဝင်ဖွဲ့စည်းပေးမှသာ တောင်သူတွေရဲ့ အခက်အခဲတွေကိုဖြေ ရှင်းပေးနိုင်မှာ ဖြစ်တယ်”  တိုက်ကြီးမြို့နယ်ရွှေဂျိုးဖြူခန်းမမှာ ဒီမနက် ၉ နာရီက ကျင်းပတဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို မြန်မာနိုင်ငံတောင်သူလယ်သမား နှင့်စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့အစည်းတွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တောင်သူတွေ စုစုပေါင်း အင်အား ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024