Home
မြန်မာသတင်း
ဒုသမ္မတ နေအိမ်တွင် ကျင်းပသည့် ခရစ္စမတ်ပွဲတော် နိုင်ငံတော်အကြီးအကဲများ တက်ရောက်  
DVB
·
December 22, 2019
ခရစ္စမတ်ပွဲတော်နဲ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် ညနေက နေပြည်တော်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ နေအိမ်မှာ ကျင်းပရာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံတော် အကြီးအကဲတွေ တက်ရောက်ပါတယ်။ အခမ်းအနားမှာ  သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး၊ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာလက်ထောက်ဆရာတော်ကြီး Rev. John Saw Yaw Han၊ သိက္ခာတော်ရဆရာကြီး ဒေါက်တာတင်မောင်ထွန်း၊ သိက္ခာတော်ရဆရာတော် ဒေါက်တာအေးမင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထိုက်တို့က  ခရစ္စမတ် တရားဒေသနာ ဟောကြား ဂုဏ်တော် ချီးမွမ်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။ ခရစ်ယာန် လူငယ်အသင်းအဖွဲ့တွေနဲ့  နိုင်ငံကျော် တေးသံရှင်တွေကလည်း ခရစ္စမတ် ဓမ္မတေးတွေ သီဆိုခဲ့ကြသလို  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နှုတ်ခွန်းဆက် စကားပြောကြား ဆုမွန်ကောင်းတောင်းပေးခဲ့ကြတယ် လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။  ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024