ငဖဲမြို့နယ်တွင် မလေးရှားသွားမည့် တရားမဝင် ဘင်္ဂါလီ ၂၄ ဦး ဖမ်းဆီးမိ
DVB
·
December 21, 2019
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၊ ကံရွာကျေးရွာရဲ့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ တောထဲမှာ ဒီဇင်ဘာ ၂၀ ရက်၊ ည ၉ နာရီကျော်က တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၂၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖဲမြို့မရဲစခန်းက ရဲမှူးဝင်းမောင်က "သူတို့စုရပ်ကတော့ အမ်းပေါ့။ အမ်းကနေလာကြတာ၊ ရန်ကုန်ကနေတဆင့်သွားမှာ မလေးရှားကို" လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ မြောက်ဦး၊ မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ် ကျေးရွာတွေက ဖြစ်ပြီး အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ ၄ နှစ်အရွယ် မိန်းကလေး တယောက်ပါတယ်လို့ ရဲမှူးက ပြောပါတယ်။
အခုလိုဖမ်းဆီးရမိတာနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်အက်ဥပဒေ ၆ (၃)နဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ငဖဲ မြို့နယ်တရားရုံးမှာ တရားစွဲမယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)