A d v e r t i s e m e n t With Us

ခရီး​ရှည်လမ်း​လျှောက်သူ ၃ ဦး​ ​ဆေး​ကုသခံ

ကိုရန်နိုင်ထွန်း​
ရန်ကုန်က​နေ ကချင်ပြည်နယ်လိုင်ဇာကို ငြိမ်း​ချမ်း​ရေး​ ခရီး​ရှည်​လျှောက်တဲ့​သူ​တွေထဲက ၃ ဦး​ဟာ ကျန်း​မာ​ရေး​အ​ခြေအ​နေအရ ​ဆေး​ကုသ ခံ​နေရတယ်လို့​ ဆိုပါတယ်။ ဒီ​နေ့​ ​နေ့​လယ်စာ စား​ပြီး​တဲ့​အချိန် ဆက်လက်လမ်း​လျှောက်ခဲ့​ရာမှာ မန္တ​လေး​တိုင်း​ ကူမဲမြို့​နဲ့​ ၆ မိုင်အကွာမှာ ငြိမ်း​ချမ်း​ရေး​ လမ်း​လျှောက်တဲ့​သူ​တွေထဲက ၃ ဦး​ဟာ ကျန်း​မာ​ရေး​ အ​ခြေအ​နေ မ​ကောင်း​တဲ့​အတွက် ကူမဲကို ပို့​ဆောင်​ဆေး​ကုသခံခဲ့​ရတယ်လို့​ လမ်း​လျှောက်ရာမှာ ဦး​ဆောင် ပါဝင်တဲ့​ ကိုရန်နိုင်ထွန်း​က ​ပြောပါတယ်။ ကိုဇင်ဖြိုး​ဝေက နှာ​ခေါင်း​သွေး​လျှံတာကို ခံစား​နေရပြီး​ ကိုထက်​အောင်လင်း​က​တော့​ ဗိုက်​အောင့်​လာသလို သံဃာ​တော်တပါး​က လမ်း​လျှောက်ရာမှာ ခလုတ်တိုက်မိပြီး​ ​ခြေ​ထောက်မှာ ဒဏ်ရာရရှိခဲ့​တဲ့​အတွက် ကူမဲက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ လူမှု​ရေး​ အဖွဲ့​အစည်း​တွေက ကူမဲမြို့​မှာ ပြုစုကုသ​ပေး​နေတယ်လို့​ ကိုရန်နိုင်ထွန်း​က ​ပြောပါတယ်။ [caption id="attachment_36300" align="alignleft" width="150" caption="ကိုရန်နိုင်ထွန်း​"][/caption] "ကိုဇင်ဖြိုး​ဝေက နှာ​ခေါင်း​သွေး​လျှံတာက ထမင်း​စား​ပြီး​ ၂ နာရီ​လောက် စထွက်တဲ့​အချိန်မှာ ဒီဘက်မှာ အရိပ်သိပ်မရှိ​တော့​ ​နေပူ​တော့​ သူ မခံနိုင်ဘူး​။ အဲမှာ ၁ ​ယောက် ​ဆေး​ရုံတင်လိုက်ရတယ်။ ကိုထက်​အောင်လင်း​ကလည်း​ ဗိုက်​အောင့်​တယ်ဆိုပြီး​ သူ့​ကိုလည်း​ ကိုဇင်ဖြိုး​ဝေနဲ့​ သိပ်မခြား​ဘူး​။ ၂ ​ယောက်ကို အ​ရေး​ပေါ်တင်လိုက်ရတယ်။ ​နောက် ၁ နာရီ​လောက်ခြား​တော့​ သံဃာ​တော် ၁ ပါး​ မြန်မာပြည်ရဲ့​လမ်း​က.ချိုင့်​ခွက်များ​တော့​ ချိုင့်​ထဲကျတာ ​ရှေ့​က​ကျောက်တုံး​နဲ့​ တိုက်မိတာမှာ ​ခြေ​ထောက်က အဲမှာ အရိုး​အက်သွား​လား​ အ​ကြောထိသွား​တာလား​ ခုထိ​တော့​ မသိရ​သေး​ဘူး​။" ငြိမ်း​ချမ်း​ရေး​ လမ်း​လျှောက်သူ​တွေဟာ မြို့​နယ်တခုကို ​ရောက်တိုင်း​ စာရွက်စာတမ်း​ ​ဝေတာ၊​ ​ကြွေး​ကြော်တာနဲ့​ ငြိမ်း​ချမ်း​ရေး​အလံ​ထောင်တာ​တွေကို ခွင့်​မပြုဘူး​ဆိုပြီး​ အာဏာပိုင်​တွေက သတိ​ပေး​ လတ်မှတ်ထိုး​ခိုင်း​တာ​တွေ ရှိ​နေတယ်လို့​လည်း​ ဆိုပါတယ်။ ဒီဗွီဘီက ဆက်သွယ်တဲ့​ အချိန်မှာ​တော့​ ငြိမ်း​ချမ်း​ရေး​ လမ်း​လျှောက်တဲ့​သူ​တွေဟာ ကူမဲကို ​ရောက်ဖို့​ ၂ မိုင်​လောက်ပဲ လို​တော့​သလို ဒီ​နေ့​ညမှာ​တော့​ ကူမဲမှာ ညအိပ် ရပ်နား​မယ်လို့​ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up