မော်လမြိုင်တက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ် ပညာရေးပူးပေါင်းဆောင်ရွက်ရန်လက်မှတ်ထို
DVB
·
December 21, 2019
မော်လမြိုင်တက္ကသိုလ်နဲ့ အမေရိကန် Purdue (ပါဂျုး) တက္ကသိုလ်တို့ အကြား ပညာရေး ကဏ္ဍ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
မော်လမြိုင်မြို့ဟာ အမေရိကန်နိုင်ငံ အင်ဒီးရားနားပြည်နယ်က ဖို့ဒ်ဝိန်းမြို့နဲ့ မိတ်ဖက်မြို့ အဖြစ်ရပ်တည်နေခဲ့တာ ဖြစ်ပြီး အခုအခါ ညီအစ်မမြို့အနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာပါ။
အခုလို ညီအစ်မမြို့အနေနဲ့ ဆက်လက် ရပ်တည်ဖို့ အရင်ဦးဆုံး အမေရိကန်နိုင်ငံ အင်ဒီးရားနားပြည်နယ်က ဖို့ဒ်ဝိန်းမြို့ရဲ့ Purdue တက္ကသိုလ် နဲ့ မော်လမြိုင် တက္ကသိုလ် နှစ်ခုအကြား ပညာရေး ကဏ္ဍအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဒီဇင်ဘာ ၁၉ ရက်က မော်လမြိုင်တက္ကသိုလ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။
အခုလို မော်လမြိုင်တက္ကသိုလ်နဲ့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ နှစ်နိုင်ငံ တက္ကသိုလ်အကြား ပညာရေးကဏ္ဍမှာ အပြန်အလှန် လေ့လာတာတွေနဲ့ သုသေတနလုပ်ငန်းတွေ ပိုမို လုပ်ဆောင်လာနိုင်မယ်လို့ Purdue (ပါဂျုး)တက္ကသိုလ်အုပ်ချုပ်ရေးမှူး ရို့အက်စင်ဘာမားက ပြောပါတယ်။
Purdue(ပါဂျုး)တက္ကသိုလ်နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက်ကြောင့် မော်လမြိုင် တက္ကသိုလ်အနေနဲ့ ဘာသာစကားပညာရပ်တွေမှာ ပိုမိုအကျိုးရှိလာနိုင်တယ်လို့ မော်လမြိုင် တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာ မီမီစိန်က ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ်ဟာ အခုအခါမှာတော့ ဘာသာရပ် ၁၅ ခုကို သင်ကြားနေပြီး အမေရိကန် Purdue တက္ကသိုလ်ကတော့ ဘာသာရပ်ပေါင်း ၂၀၀ ကျော်ကို ဖွင့်လှစ် သင်ကြားပေးနေပါတယ်။
အခုလို တက္ကသိုလ် နှစ်ခု လက်မှတ်ရေး ထိုးနိုင်ခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းအပြင် စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဇော်လွင်ထွဋ်