အာခါရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော်ကို တာချီလိတ်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 20, 2019
၁၂ ကြိမ်မြောက် အာခါရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော်ကို ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။
အာခါရိုးရာစုပေါင်း ခါးထောင်းဖားပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်ကြာ ကျင်းပတာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့တာပါ။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလနဲ့ အရပ်ဘက်၊ စစ်ဘက်ဌာနဆိုင်ရာအကြီးအကဲတွေ၊ အာခါတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အာခါလူမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။
Photo - MeKongNews / MPA