ကျောက်ဖြူမြို့တွင် အင်အား ၃.၄ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 20, 2019
ရခိုင်ပြည်နယ် ကျောက်ဖြူမြိုမှာ ဒီနေ့မနက်ပိုင်းက အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈ နာရီ၊ ၃၀ မိနစ်၊ ၂၃ စက္ကန့်အချိန်မှာ ကျောက်ဖြူမြို့ရဲ့ အရှေ့-အရှေ့ တောင်ဘက် ၁၇ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၄၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၈၁ ဒီဂရီ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။