Home
အနုပညာ
မျက်ဝန်းလဲ့ပြာပြာရဲ့ည (သို့) မှုန်ရွှေရည်မင်းသမီးလေး အေးမြဖြူ(ရုပ်သံ)
DVB
·
December 20, 2019
သီတင်းတပတ်ထက်တပတ် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့တဲ့ မြန်မာအိုင်ဒေါသီ ချင်းဆိုပြိုင်ပွဲဟာ ခုတပတ်မှာဆိုရင်တော့ ၈ ပတ်မြောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။ ခုတပတ်မှာတော့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်စေသော သီချင်းတွေနဲ့ Top Finalists ၄ ယောက်ဖြစ်ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာ၊ အေးမြဖြူ၊ ဘင်ဂျမင်ဆုန်းတို့နဲ့အတူ Wild Card နဲ့ ပြန်လည်ရောက်ရှိလာခဲ့သူ တန်ခွန်ကျော်တို့က အစွမ်းပြယှဉ်ပြိုင်ခဲ့ကြတာပါ။      ပြိုင်ပွဲဝင်တဉီးဖြစ်တဲ့ အေးမြဖြူကတော့ မြန်မာသံသီချင်းတပုဒ်ဖြစ်တဲ့ မျက်ဝန်းလဲ့ ပြာပြာသီချင်းနဲ့ အစွမ်းကုန် ယှဉ်ပြိုင်သွားခဲ့တာပါ။ ဒီသီချင်းဟာ မှုန်ရွှေရည်ရုပ်ရှင်ကားထဲက နာမည်ကြီးသရုပ်ဆောင်အဆိုတော် ဝင်းဦးရဲ့ လူသိများထင်ရှားတဲ့ သီချင်းတပုဒ်ဖြစ်ပြီး အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုခဲ့ကြတဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။ အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ သူ့ရဲ့ကိုယ်ပိုင်ဟန်၊ စတိုင်နဲ့အတူ တကယ့်ကို သီချင်းတပုဒ်လုံး အပိုအလိုမရှိ ကြွနေခဲ့တာကို ခံစားနားဆင်ကြရမှာပါ။ အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။ အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရတဲ့ ပထမသီတင်းပတ်မှာတော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’ သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာပါ။ ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အေးမြဖြူက တချိန်က နာမည်ကြီး အမျိုးသ မီးတေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ’ သီချင်း၊ စိုးလွင် လွင်အမှတ်တရသီချင်းတွေနဲ့ သီတင်းပတ်မှာ ‘ချစ်သူစိတ်ကူး’သီချင်း၊ ဟေမာန်ဆောင်း သီချင်းတွေနဲ့ အမှတ်တရသီဆိုရတဲ့ ညမှာ တေးသံရှင် စိုင်းထီးဆိုင်သီဆိုအောင်မြင်ခဲ့တဲ့ ‘ဒီဆောင်းတည’ သီချင်း၊ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့ညမှာ နီနီခင်ဇော်ရဲ့ ‘အဆင်ပြေပါတယ်’ သီချင်းတွေနဲ့ တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ခဲ့တာပါ။ ခုတပတ်ရဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ညဟာလည်း အေးမြဖြူရဲ့ညလို့ ဆိုရ လောက်အောင် ကောင်းမွန်သေသပ်တဲ့ သီဆိုယှဉ်ပြိုင်မှုတွေနဲ့ ရှိနေခဲ့ပြီး စိတ်ခွန်အား ဖြစ်စေသော သီချင်းတွေနဲ့ ယှဉ်ပြိုင်မှုမှာလည်း ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေသီချင်းနဲ့ ထပ်ပြီးတော့ အစွမ်းပြနိုင်ခဲ့တာပါ။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၅ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024