ဒေါ်လာ ၃၁၂ သန်း တန်ဖိုးရှိ ကိုကင်း ၉ တန် အမေရိကန်ကမ်းခြေစောင့်တပ် ကမ်းပေါ်ချ

wthr.com
964
အမေရိကန် ဒေါ်လာ ၃၁၂ သန်း တန်ဖိုးရှိတဲ့ ကိုကင်း ၉ တန်ကို အမေရိကန်ကမ်းခြေစောင့်တပ်က ဒီဇင်ဘာ ၁၈ ရက်မှာ ကမ်းပေါ်ချခဲ့ပါတယ်။
အဲဒီကိုကင်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာ နဲ့ နိုဝင်ဘာကာလမှာ မက္ကဆီကို၊ ဗဟိုနဲ့ တောင်အမေရိက ကမ်းရိုးတန်းအလွန် နေရာတွေကနေ ဖမ်းဆီးရမိတာလို့ ကမ်းခြေစောင့်တပ်က ပြောကြားပါတယ်။
သီးခြား ကမ်းခြေစောင့်တပ်ဖွဲ့ ၅ ခုပါဝင်တဲ့ စစ်ဆင်ရေးကနေ ဖမ်းဆီးရမိတဲ့ ကိုကင်းတွေကို ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့က ဆိပ်ကမ်းတခုမှာ ချခဲ့ပါတယ်။
အလိုအလျောက်မှောင်းနှင်တဲ့ ရေငုပ်သင်္ဘောတစီး အပါအဝင် အဲဒီကိုကင်းတွေကို သယ်ဆောင်လာတဲ့ သင်္ဘော ၇ စီးကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကနေ ကြားဖြတ် ဟန့်တားပြီး ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။