နာမည်ကြီးတေးသံရှင် ဂျီလတ်၏ ကိုယ်ပိုင်သံစဉ်သီချင်းသစ်-‘သိုးမည်း’(ရုပ်သံ)
DVB
·
December 20, 2019
“အိမ်ပြန်ချင်တဲ့ စိတ်ကူး… ငါစိတ်ကူး… လေထုထဲသို့ အငွေ့အဖြစ် လွင့်ပျောက် ကွယ်သွား… ပြန်ဆုံနိုင်ရန် အိမ်မက်… ငါအိပ်မက်… ငါလန့်နိုးတိုင်း သွေးပျက်ကြောက် လန့်နေရ”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ နာမည်ကြီး တေးသံရှင် ဂျီလတ်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
‘သိုးမည်း’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး လင်းနစ်က ရေးစပ် ပေးထားပေးခဲ့ပြီး ဂျီလတ်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ‘ဒီဇင်ဘာရေဒီယို’ထဲမှာ ပါ ဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။
“ငါဟာ ငါနဲ့မတူတော့ဘူး… အရင်လို ဘေးနား မင်းမရှိဘူး… မအောင်မြင်နိုင်တာ ကျရှုံးမှု… ဒီမှာ အသားကျလို့နေ အခု… အချစ်ရယ် မင်းပြန်ခေါ်ဦး… ဟိုးအရင်ကလို နောက်တခါထပ်ပြီး အမှားတွေ ကျူးလွန်ချင်လို့… မင်းရဲ့အနားမှာ မင်းအဆူခံဖို့”
သိုးမည်းတကောင်လို ဆိုးတဲ့ အကြောင်း အလွမ်းသီချင်းတပုဒ်အနေနဲ့ သီဆိုထား တဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ သီချင်းတွေ ထွက်မလာတာကြာပြီဖြစ်တဲ့ ဂျီလတ်တို့ စုံတွဲ ရဲ့ သရုပ်ဆောင်မှုပုံရိပ်တွေကိုပါ ပရိသတ်တွေက ရှုစားကြရမှာပါ။
‘ဒီဇင်ဘာရေဒီယို’တေးအယ်လ်ဘမ်ကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက စတင်ရောင်းချနေပြီး ဒီတေးအယ်လ်ဘမ်ထဲမှာတော့ သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါဝင်တယ် လို့ သိရပါတယ်။
NC 13 Band က တီးခတ်ပေးထားတဲ့ ဒီအယ်လ်ဘမ်ထဲမှာ တေးရေးဆရာတွေ အ နေနဲ့ အောင်ကိုမြင့်၊ ဗီနိုထွန်း၊ မာရှယ်၊ အောင်လ၊ လင်းနစ်၊ ချစ်မင်းတို့နဲ့အတူ ဂျီလတ်ရဲ့ ညီအရင်းဖြစ်တဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကလည်း ပါဝင်ရေးသားပေးထားတာ ဖြစ်ပါတယ်။
‘ကြိုနေစေချင်တယ်’၊ ‘မြို့ပြလမ်းခွဲ’စတဲ့ နာမည်ကြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ လူသိများထင်ရှားတဲ့ အဆိုတော် ဂျီလတ်ဟာ “အစွန်းနှစ်ဘက်”တေးအယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိခဲ့ပြီးနောက် တတိယမြောက်တကိုယ်တော် တေးအယ်လ်ဘမ်အနေနဲ့ ထပ်ပြီး ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။