ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့

1.7K
၂၀၁၀ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်းအင်အား ၂၀၀နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်းအင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။
အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ပြည်နယ်နဲ့ တိုင်း ၁၄ ရုံး၊ နေပြည်တော်နဲ့ ခရိုင် ၆၇ ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ ၆ ရုံး၊ မြို့နယ်အဆင့် ရုံးပေါင်း ၃၃၀ ဖွဲ့စည်းခဲ့တဲ့အတွက် ခုလို ၀န်ထမ်းအင်အား ၁၀ ဆ တိုးမြှင့်ခန့်ထားခဲ့တာ ဖြစ်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။