ချောက်မြို့နယ်တွင် မြေငလျင်လှုပ်
DVB
·
December 19, 2019
မကွေးတိုင်း ချောက်မြို့နယ်မှာ ဒီနေ့ မွန်းလွဲပိုင်းက အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၁၇ မိနစ်၊ ၃၆ စက္ကန့်အချိန်မှာ ချောက်မြို့ရဲ့ အနောက်မြောက်ဘက် ၁၀ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၃ ဒီဂရီ၊ အနက် ၄၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ္။