Home
မြန်မာသတင်း
ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
DVB
·
February 8, 2013
ဒေါက်တာဆိတ်ဖွား​ရဲ့​ Above the law ​ခေါင်း​စဉ်နဲ့​ လွှတ်​တော်ကို ​ဝေဖန်တဲ့​ ​ဖော်ပြချက်အ​ပေါ် စုံစမ်း​ဖို့​ ​ကော်မရှင်တရပ်ကို ​ဖေ​ဖော်ဝါရီလ ၈ ရက်​နေ့​ ပြည်​ထောင်စု လွှတ်​တော်မှာ ဖွဲ့စည်း​လိုက်ပါတယ်။ ဒီ​ကော်မရှင်ကို အမျိုး​သား​လွှတ်​တော် ဒုဥက္ကဋ္ဌ ဦး​မြငြိမ်း​က ဦး​ဆောင်ပြီး​ ပါတီစုံက အဖွဲ့​ဝင် ၁၇ ဦး​ ပါဝင်ပါတယ်။ ​ကော်မရှင်က လုပ်​ဆောင်ရမှာ​တွေနဲ့​ပတ်သတ်ပြီး​ ​ကော်မရှင်အဖွဲ့​ဝင် ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်အမတ် ဦး​ဖုန်း​မြင့်​အောင်က အခုလို ရှင်း​ပြပါတယ်။ “တစ်အချက်က ​ရေး​သား​ချက်​တွေသည် လွှတ်​တော်နဲ့​လွှတ်​တော်အမတ်​တွေရဲ့​ ဂုဏ်သိက္ခာ ဘယ်​လောက်ထိခိုက်နစ်နာတယ်ဆိုတာ ဆန်း​စစ်ရပါမယ်။ ဒုတိယအချက်က ပိုအ​ရေး​ကြီး​ပါတယ်။ ဒီ​ရေး​သား​ချက်ကိုဖတ်မိတဲ့​ ပြည်သူလူထု​တွေအ​နေနဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေအ​ပေါ် အထင်မှား​အမြင်မှား​ရှိတာ​တွေအတွက် ဘယ်လို​ဖြေရှင်း​ရမလဲဆိုတဲ့​အချက်ပါ။ တတိယအချက်က​တော့​ ကာယကံရှင်ကို​ဖော်ထုတ်ပြီး​ မည်သို့​အ​ရေး​ယူသင့်​လဲဆိုတဲ့​ အချက်ပါ။” ​ဒေါက်တာဆိတ်ဖွား​ရဲ့​ ​ဆောင်း​ပါး​မှာ ပြည်​ထောင်စုလွှတ်​တော်မှာ စာရင်း​စစ်ချုပ် ဥပ​ဒေကို ပြင်ဆင်သည့်​ ဥပ​ဒေကြမ်း​နဲ့​ နိုင်ငံ​တော်ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေခုံရုံး​ကို ပြင်ဆင်တဲ့​ ဥပ​ဒေကြမ်း​ကို နိုင်ငံ​တော်သမ္မတနဲ့​ ဆန့်​ကျင်ဆုံး​ဖြတ်အတည်ပြုခဲ့​တာဟာ အ​ခြေခံဥပ​ဒေကို ​လေး​စား​လိုက်နာပါမည်လို့​ ကျမ်း​ကျိန်ထား​သူများ​က အ​ခြေခံဥပ​ဒေနဲ့​မညီမှန်း​သိလျက်နဲ့​ အ​ခြေခံဥပ​ဒေကို တမင်​ဖောက်ဖျက်ကျူး​လွန်လိုက်ကြတယ်လို့​ စွပ်စွဲထား​တာပါ။ ​ကော်မရှင်အဖွဲ့​ဝင်အဖြစ်ပါတဲ့​ မ​ကွေး​တိုင်း​၊​ ဂန့်​ဂေါ အမှတ်-၁၂ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ဦး​လှ​ဆွေက ​ကော်မရှင်အ​နေနဲ့​ ​ဒေါက်တာဆိတ်ဖွား​ကို ရှာ​ဖွေ​ဖော်ထုတ်ဖို့​ ခက်ခဲမယ်လို့​ ​ပြောပါတယ်။ “ကျ​နော့်​ပုဂ္ဂလိကအ​တွေး​နဲ့​က ဒီကိစ္စက နည်း​နည်း​ခက်မယ်ထင်တယ်။ အင်တာနက်ဆိုတာက အိမ်သာထဲမှာစာ​ရေး​တာပဲဗျ။ ကျ​နော်တို့​ငယ်ငယ်က အိမ်သာထဲမှာ စာ​ရေး​တယ်၊​ ဘယ်သူ​ရေး​သွား​မှန်း​မသိဘူး​။ ဘယ်သူ့​အ​ရေး​ယူရမလဲ။ ဒါ​တော်​တော်​တော့​ ခက်တယ်။ တခု​တော့​ ရှိတယ်။ အခု​ပြော​နေကြတာက ခင်​မောင်ညို(​ဘောဂ​ဗေဒ)က သူ့​ရဲ့​ ဂျာနယ် ၁ ​စောင်မှာ ​ဒေါက်တာဆိတ်ဖွား​က ​ဆောင်း​ပါး​ရေး​ဖူး​တယ် ​ပြောတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​ သူ့​ကိုပဲသွား​မေး​ရမှာ​ပေါ့​။ ဆက်စပ်ပြီး​ ​မေး​ရမှာ​ပေါ့​။” ​ကော်မရှင်အ​နေနဲ့​ ​ဒေါက်တာဆိတ်ဖွား​ရဲ့​ ​ဖော်ပြချက်​တွေဟာ နိုင်ငံ​တော်လုံခြုံ​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ ရပ်ရွာ​အေး​ချမ်း​သာယာ​ရေး​၊​ ပြည်သူ​တွေရဲ့​ ကိုယ်ကျင့်​တရား​အလို့​ငှာ ပြဋ္ဌာန်း​ဥပ​ဒေ​တွေနဲ့​ ဆန်ကျင်တာ ရှိ၊​ မရှိနဲ့​ လိုက်နာ​စောင့်​ထိန်း​ရမယ့်​ တာဝန်​တွေကို ပျက်ကွက်တာရှိ၊​ မရှိ စတာ​တွေကို စုံစမ်း​ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလထဲ ကျင်း​ပခဲ့​တဲ့​လွှတ်​တော်မှာ အွန်လိုင်း​ပေါ်က ပ​ရော်ဖက်ဆာ​ဒေါက်တာဆိတ်ဖွား​ဆိုသူကို စုံစမ်း​ဖော်ထုတ်ဖို့​ ကမာရွတ်မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ​ဒေါက်တာစိုး​ရင်က အ​ရေး​ကြီး​အဆိုတင်ခဲ့​ပါတယ်။ အဲ့​ဒီအဆိုကို လွှတ်​တော်က အတည်ပြုခဲ့​ပြီး​တဲ့​နောက် အခုလို ​ကော်မရှင်ဖွဲ့​စည်း​ခဲ့​တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024