အာဏာအလွဲသုံးစားမှုဖြင့် သမ္မတ ဒေါ်နယ်ထရမ့်ကို စွဲချက်တင်

ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်ကို  တားဆီးမှုတွေနဲ့ အောက်လွှတ်တော်မှာ ဒီဇင်ဘာ ၁၈ ရက်က တရားဝင် စွဲချက်တင်လိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ   ပြစ်တင်စွပ်စွဲခံရတဲ့     တတိယမြောက် အမေရိကန် သမ္မတ  ဖြစ်လာခဲ့ပါတယ်။    အာဏာအလွဲသုံးမှုအပိုဒ်ကို ထောက်ခံမဲ ၂၃၀၊ ကန့်ကွက်မဲ ၁၉၃ မဲနဲ့ အတည်ပြုခဲ့ပြီး ကွန်ဂရက်တားဆီးမှု  အပိုဒ်ကိုတော့ ထောက်ခံမဲ ၂၂၉ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲတို့နဲ့ အောက်လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။ ဒါကြောင့်မို့ ရှေ့လဆိုရင် ရီပတ်ဘလီကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ သမ္မတ ထရမ့်ကို ပြစ်မှု ထင်ရှားကြောင်းဆုံးဖြတ်ပြီး ရာထူးကနေ ဖယ်ရှားမလားဆိုတာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်ကြားနာစစ်ဆေးမှုမှာ ထရမ့်ကို ပြစ်တင်စွပ်စွဲတင်ပြဖို့   အောက်လွှတ်တော်က လွှတ်တော်အမတ်တွေကို စီမံခန့်ခွဲသူတွေအဖြစ် ရွေးချယ်သွားမှာပါ။    စီမံခန့်ခွဲသူ အများစုဟာ တရားရေးကော်မတီက ဖြစ်ဖွယ်ရှိပြီး ယူကရိန်းစုံစမ်းရေးကို ဦးဆောင်တဲ့ ထောက်လှမ်းရေးကော်မတီက ဖြစ်နိုင်တယ်လို့ အောက်လွှတ်တော် ဒီမိုကရက်တွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up