ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်တွင် မန်ချက်စတာ နှစ်သင်း ထိပ်တိုက်တွေ့

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာပြီး မန်စီးတီးနဲ့ မန်ယူနိုက်တက်၊ လက်စတာနဲ့ အက်စတွန်ဗီလာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ လီဗာပူးအသင်း ဂိုးပြတ်ရှုံးနိမ့်ပြီး မန်စီးတီး၊ လက်စတာနဲ့ မန်ယူနိုက်တက်တို့ အသီးသီး အနိုင်ရရှိခဲ့ကြတာပါ။ လီဗာပူးအသင်းကတော့ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကစားနေရတာကြောင့် အရန်ကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့ရပြီး အက်စတွန်ဗီလာအသင်းကို ၅ ဂိုးပြတ် ရှုံးနိမ်ခဲ့ရတာပါ။ မန်စီးတီးအသင်းကတော့ အောက်ဖို့ဒ်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်စတာအသင်းကတော့ အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲကစားချိန် ပြီးဆုံးတဲ့အထိ ၂ ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းကတော့ အသင်းငယ် ကိုချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ မန်ယူနိုက်တက်၊ လက်စတာနဲ့ အက်စတွန်ဗီလာအသင်းတို့ ထိပ်တိုက် တွေဆုံနေပြီး လာမယ် ၂၀၂၀ ဇန်နဝါနီ ၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up