Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 19, 2019
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။  မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကျော် ပေါ့ပ်အဆိုတော် Taylor Swift ပထမဆုံး ထူးထူးခြားခြား ပါဝင်သရုပ်ဆောင် ထားတဲ့ ဟောလိဝုဒ်ဂီတဇာတ်မြူးရုပ်ရှင်-Cats !  နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ The King's Speech ၊ The Danish Girl စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဗြိတိန်-သြစတြေးလျရုပ်ရှင်ဒါရိုက်တာ Tom Hooper က ရိုက်ကူးပုံ ဖော်ပေးထားတာပါ။ Cats ရုပ်ရှင်ဟာ ၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာ ကဗျာဆရာတဦးထဲမှာ ပါ ဝင်တဲ့ ဗြိတိန်ကဗျာဆရာ T.S Elliot ရဲ့ Old Possum’s Book of Practical Cats စာအုပ်ကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဘရော့ဒ်ဝေးစင်တင်ဂီတပြဇာတ်အနေနဲ့ ကပြခဲ့ဖူးပြီး အောင်မြင်မှု ရရှိခဲ့ကာ ရုပ်ရှင်အနေနဲ့ ရိုက်ကူးမှုကတော့ ဒါပထမဆုံး ဖြစ်ပါတယ်။ ပုံမှန်ရုပ်ရှင်ကားတွေလိုမဟုတ်ပဲ Broadway ပြဇာတ်ပုံစံအတိုင်း တင်ဆက်ရိုက် ကူးထားတဲ့ ဒီကားထဲမှာတော့ ကြောင်မျိုးနွယ်စုတွေထဲအရိုက်အရာဆက်ခံမယ့် ကြောင် ကို ရွေးချယ်ရင်း နေရာလုကြတဲ့ အကြောင်းကို နောက်ခံတေးဂီတ၊ အပြင်အဆင်၊ ပါဝင် သရုပ်ဆောင်သူ Casts တွေအားလုံးရဲ့ ကြောင်ပုံစံနဲ့သရုပ်ဆောင်မှုတွေနဲ့ ဘယ်လိုဖန် တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ Taylor Swift နဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီး Jennifer Hudson၊ ဗြိတိန်သရုပ်ဆောင်မင်းသား James Corden စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။  ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ Taylor Swift ကိုယ်တိုင်သီဆိုထားတဲ့ ရုပ်ရှင်ဇာတ် ဝင်သီချင်း Beautiful Ghosts ဟာ ရွှေကမ္ဘာလုံးဆု အကောင်းဆုံးရုပ်ရှင်သီချင်းဆုအ နေနဲ့ ဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၅၉ သန်းအကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကိုတော့ Box Office မှာ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်း ပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ သန်း ၂၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။  ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကလည်း ပရိသတ်တွေ စိတ်ဝင်စား ကြဦးမယ့် ဟောလိဝုဒ် ရုပ်ရှင်ကားတကားပါ။ ဒီကားကတော့ ကြယ်တာရာစစ်ပွဲများလို့ သိကြတဲ့ Epic Space-opera အမျိုးအစားရုပ်ရှင်-Star Wars: The Rise of Skywalker ! ဒီကားကိုတော့ အမေရိ ကန်ရုပ်ရှင်ဒါရိုက်တာ J. J. Abrams က ရိုက်ကူးပုံဖော်ပေးထားပြီး Lucasfilm နဲ့ Bad Robot Productions တို့က တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။  Star Wars ရုပ်ရှင်ကားတွေလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက အာကာသ ထဲက စွန့်စားမှုအသားပေး အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ အက်ရှင်နဲ့ သိပ္ပံဆန်းကြယ် ဇာတ်လမ်းဇာတ်ကွက်တွေကို ပြေးမြင်မိကြမှာပါ။  ဒီကားကတော့ Sequel trilogy အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Force Awakens ၊ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးထွက်ရှိထားတဲ့ The Last Jedi ရုပ်ရှင် ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  ဒီကားထဲမှာတော့ The Last Jedi ထဲက အဖြစ်အပျက်တွေအပြီး အချိန်တနှစ်အ ကြာ First Order နဲ့ နောက်ထပ်တကြိမ် ရင်ဆိုင်ကြရဦးမယ့် Rey ၊ Finn နဲ့ Poe Dameron တို့ရဲ့ ခရီးကြမ်းနဲ့အတူ နောက်ဆုံး စစ်ပွဲကို ရှုစားကြရမှာ ဖြစ်ပါတယ်။  ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Carrie Fisher ၊ Mark Hamill ၊ Adam Driver ၊ Daisy Ridley ၊ John Boyega ၊ Oscar Isaac တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။  ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။   IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားတဲ့ ဇာတ်ကား တကား ဖြစ်ပါတယ်။   ဒီရုပ်ရှင်ကားအတွက် ကြိုတင်လက်မှတ်တွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကတည်းက စတင်ရောင်းချခဲ့ပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းနီးပါး ရရှိနိုင်မယ်လို့ ခန့် မှန်းထားကြပါတယ်။  ကြာမြင့်ချိန် ၁၄၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၀ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကိုရီး ယား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ အချစ်ဒရာမာ ရုပ်ရှင်-တိမ်တွေေပေါ်ကပန်း ! ဒီကားကိုတော့ Big Five ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ JVJ Entertainment တို့ ပူး ပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တောင်ပေါ်မြို့လေးတမြို့က မိဘမဲ့ဂေဟာတခုမှာ စိတ်ဒဏ် ရာတခုနဲ့ ကြီးပြင်းခဲ့ရပြီး သီချင်းဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတယောက်။ သူ့ကို  လူထုပရိသတ်တွေရှေ့ထွက်ပြီး သီချင်းတွေသီဆိုဖျော်ဖြေနိုင်ဖို့ ကူညီပေးခဲ့တဲ့ ကိုရီးယား နိုင်ငံက ကောင်လေးတယောက်။ သူတို့ ၂ ယောက်ကြားက ပတ်သက်ဆက်နွယ်လာတဲ့ နူးညံ့တဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကိုရီးယားသရုပ်ဆောင်မင်းသား Ryu Sang Wook နဲ့ မြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကျော်ထက် အောင်၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ် မြို့၊ ဘူဆန်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွေမှာလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။ လှပတဲ့ တေးသွားတွေနဲ့ ဇာတ်ဝင်သီချင်းတွေ၊ ရှုခင်းအလှအပတွေနဲ့ ရိုက်ကူးပုံ ဖော်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့ ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြား တဲ့ Political Biography Drama Thriller အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ Seberg ! ဒီကားကိုတော့ Amazon Studios နဲ့ Universal Pictures တို့ကနေ ဖြန့်ချိ ပေးသွားမှာဖြစ်ပြီး ဩစတေးလျရုပ်ရှင်ဒါရိုက်တာ Benedict Andrews က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ၁၉၆၀ နှောင်းပိုင်းကာလတွေက အခင်းအကျင်းတွေနဲ့အတူ အဲဒီ ခေတ်ကာလမှာ ထင်ရှားခဲ့တဲ့ French New Wave စတား ဟောလိဝုဒ်မင်းသမီး Jean Seberg ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ထူးခြားတာကတော့ မင်းသမီး ဟာ သရုပ်ဆောင်လောကကနေ နိုင်ငံရေးလောကထဲ ဘယ်လိုရောက်ရှိလာခဲ့သလဲ။ နိုင်ငံ သားအခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ Hakim Jamal နဲ့ ၂ ယောက်ကြား အ ချစ်ရေးနဲ့အတူ FBI ရဲ့ ပစ်မှတ်တခုဖြစ်လာခဲ့ပုံတွေကို ရုပ်ရှင်အနေနဲ့ ဘယ်လိုရိုက်ကူးပုံဖ ဖော်ထားမလဲဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။  ဒီကားထဲမှာတော့ အဓိကဇာတ်ကောင်မင်းသမီးနေရာမှာ Twilight ရုပ်ရှင်စီးရီး တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Kristen Stewart က ပါဝင် ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Anthony Mackie ၊ Jack O' Connell ၊ Margaret Qualley ၊ Zazie Beetz စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင် ထားကြပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နာမည်ကျော် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice Film Festival မှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ကနဦးပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူး ခြားခြား မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ၁၀၁၄ ! ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်အနေနဲ့ ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကား ကိုတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူက ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။ ၁၀၁၄ လို့ ထူးထူးခြားခြား အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနိုင် ငံရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့ အနော်ရထာမင်းမွေးတဲ့ ၁၀၁၄ ခုနှစ်မတိုင်ခင် အဖြစ် အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ ပေါ်ပေါက်လာပုံ တ ပိုင်းတစကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျော်သူနဲ့အတူ ဒေါင်း၊ ထွန်းကိုကို၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်စတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားကြတာပါ။ ဝါရင့်ရော့ခ်အဆိုတော် ၂ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ R. ဇာနည်တို့ သီဆိုထားတဲ့ ‘ဓမ္မနှင့် အဓမ္မ’အမည်ရတဲ့ ဒီရုပ်ရှင်ကားထဲက ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ပရိသတ် တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။ ၁၀၁၄ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မ နက်ပိုင်းက ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင် Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်  ရှိနေခဲ့ပြီ ဖြစ် ပါတယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024