Homeမြန်မာသတင်း
ဗီယက်နမ်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ
ဗီယက်နမ်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ
DVB
·
December 18, 2019
သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီး လာရောက်တဲ့ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကနေ အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ရန်ကုန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆွေးနွေးခဲ့သလို၊ Melia Yangon Hotel မှာ ကျင်းပတဲ့ ဗီယက်နမ်နိုင်ငံ အခြေစိုက် HD Bank မြန်မာရုံးခွဲ ဖွင့်ပွဲကိုလည်း တက်ရောက်သွားပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၁၆ ရက် ညကတည်းက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး မနေ့ကတော့ နေပြည်တော်မှာ မြန်မာသမ္မတဦးဝင်းမြင့်နဲ့ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေလည်း သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဓာတ်ပုံ- Chief Minister Office