မီးဘေးသင့် မိုင်းခေါင် စစ်ရှောင်စခန်းအတွက် အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
December 18, 2019
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်ရှိ မိုင်းခေါင်စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ရက်က စစ်ပြေးဒုက္ခသည်တွေ နေထိုင်တဲ့ တန်းလျားတခု မီးလောင်ခဲ့ပြီး အိမ်ထောင်စု ၈ စုလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် ကလေးတွေနဲ့ ကျောင်းသားတွေ အကူအညီတွေ လိုအပ်နေပြီး အထူးသဖြင့် ကျောင်းသုံးစာအုပ်တွေအပြင် အဝတ်အထည်နဲ့ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်။
Photo - Hpauyam La Aung / MPA