အာဆင်နယ်နည်းပြနေရာအတွက် အာတေတာနှင့် ဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်ရှိ

706
အာဆင်နယ်အသင်းရဲ့ နည်းပြရာထူး နေရာအတွက် မန်စီးတီး လက်ထောက်နည်းပြ မီခယ်အာတေတာနဲ့ ဆွေးနွေးနေမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီးတော့ မကြာခင်မှာတော့ အဖြေတခု ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
လက်ရှိ ဂွါဒီယိုလာ လက်အောက်မှာ လက်ထောက်အဖြစ် လုပ်ကိုင်နေတဲ့ အာတေတာဟာ ကစားသမားဘဝကတည်းက နည်းပြ အာဆင်ဝင်းဂါးနဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး မကြာခဏ ဆွေးနွေးလေ့ရှိသူ ဖြစ်ပါတယ်။
လက်ရှိ ဂွါဒီယိုလာကိုယ်တိုင်က အာတေတာကို ဆုံးရှုံးရမှာ စိုးရိမ်မိတယ်ဆိုပြီး ပြောရတဲ့အထိ အရည်အချင်းရှိ တက်သစ်စ နည်းပြတဦး ဖြစ်ပါတယ်။
နောက်ဆုံးရရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာ ဂျော့ရှ်ခရွန်ခီနဲ့ သီးသန်တွေ့ဆုံခဲ့တာကြောင့် ယာယီနည်းပြ လွန်းဘော့ဂ်ထံကနေ အာဆင်နယ်အသင်းကို အလျင်အမြန် လက်လွှဲရယူသွားဖို့ ရှိနေပါတယ်။