A d v e r t i s e m e n t With Us

ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံ

Photo : AFP
၂၀၁၉-၂၀၂၀ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေအတွက်  ဒီဇင်ဘာလ ၁၆ ရက်ညပိုင်းက ဆွစ်ဇာလန်နိုင်ငံ နိုင်ရွန်မြို့မှာ မဲခွဲရာမှာ အသင်းကြီးတချို့ ထိပ်တိုက်တွေ့ဆုံ  နေတရာကြောင့် ပြိုင်ပွဲကို ဇာတ်ရှိန်မြှင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။  အစောပိုင်း မဲခွဲဆုံးဖြတ်ချက်တွေအရ ဂျာမန်ကလပ် ဒေါ့မွန်က ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်ပါတယ်။‌ ဒေါ့မွန်အတွက် ခက်ခဲ‌နိုင်ပေမယ့် ချန်ပီယံလိဂ်မှာ ဂျာမန်ကလပ်တွေရဲ့ အတွေ့အကြုံပိုင်းနဲ့ ကစားပုံ မာကျောမှုကိုတော့ ပြင်သစ်ကလပ်အနေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိနေပါတယ်။  နောက်ထပ် မဲရလဒ်ထွက်ပေါ်မှုအရ မန်စီးတီးနဲ့ ရီးရဲလ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးတော့ ဒီအဆင့်အတွက် အကောင်းဆုံးပွဲစဉ် ဖြစ်လာမှာပါ။ ကျန်ရှိတဲ့ အင်္ဂလန်ကလပ်အသင်း ၃ သင်းမှာတော့ လီဗာပူးဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေခဲ့လို့ ပွဲကြပ်တယ်လို့ ပြောနိုင်ပြီး ချဲလ်ဆီးကလည်း ‌ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ စပါးကတော့ ၁၆ သင်းအဆင့် ပွဲစဉ်တွေထဲမှာ အချောင်ဆုံးပွဲစဉ်အဖြစ် ဂျာမန်ကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။  ကျန်ပွဲ‌တွေအဖြစ် ဘာစီလိုနာက နာပိုလီ၊ ဂျူဗင်တပ်စ်က လိုင်ယွန်နဲ့ တွေ့ဆုံနေခဲ့လို့ နောက်တဆင့်တက်ရေး အခြေအနေကောင်းနေတယ်လို့ ဆိုရမှာပါ။  ဗလင်စီယာနဲ့ အက်တလန်တာ ပွဲစဉ်ကတော့ ပရိသတ် စိတ်ဝင်စားမှုအနည်းဆုံး ပွဲစဉ် ဖြစ်လာနိုင်ပြီး‌တော့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်နဲ့ မတ်လ ၁၁ ရက်တို့မှာ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up