ခြေစွမ်းမပျောက်ဆုံးသေးကြောင်း စီရော်နယ်ဒို ပြသ

TURIN, ITALY - AUGUST 31: Cristiano Ronaldo of Juventus smiles during the Serie A match between Juventus and SSC Napoli at Allianz Stadium on August 31, 2019 in (Photo by Valerio Pennicino - Juventus FC/Juventus FC via Getty Images)
ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲစဉ်တချို့မှာ လူစားလဲခဲ့ရတဲ့အထိ ‌ခြေစွမ်းပိုင်း ကျဆင်းနေတယ်လို့ ပြောနေသူတွေကို ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ အူးဒီးနီစ်အသင်းနဲ့ ပွဲစဉ်မှာ ‌၂ ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့‌ခြေစွမ်းတွေ မပျောက်ဆုံးသေးဘူး ဆိုတာကို ပြသလိုက်ပါတယ်။  ဒီသွင်းဂိုး ၂ ဂိုးဟာ သူ့အတွက် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး ၁၅ ရာသီဆက်တိုက် တရာသီအတွင်း အနည်းဆုံး ၁၀ ဂိုး သွင်းယူနိုင်တဲ့စံချိန်ကို ရရှိခဲ့တာပါ။ ရော်နယ်ဒိုလို ဘယ်ကစားသမားကမှ  စွမ်းဆောင်ထားနိုင်သေးတာ မရှိဘူးလို့ သိရပြီးတော့ ယူနိုက်တက်မှာ ၄ ရာသီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ၉ ရာသီ၊ လက်ရှိ ဂျူဗင်တပ်စ်နဲ့ ၂ ရာ သီ၊ စုစုပေါင်း ၁၅ ရာသီအတွင်း ရော်နယ်ဒို သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကလည်း ၄၀၀ ကျော် အနည်းဆုံး ရှိထားပါတယ်။  စပိန်လာလီဂါမှာတုန်းကလို တရာသီ အနည်းဆုံး သွင်းဂိုး ၃၀ နဲ့အထက် သွင်းယူနိုင်ခြင်း မရှိတော့ပေမယ့်လည်း  အီတလီမြေမှာ နှစ်ရာသီဆက် အနည်းဆုံး သွင်းဂိုး ၂၀‌ ကျော် သွင်းယူပြဖို့ စိတ်အားထက်သန်နေပါတယ်။  ဘောလုံးသမားတဦးအတွက် နေဝင်ချိန်ဆိုတာ ရော်နယ်ဒိုနဲ့ မသက်ဆိုင်သေးဘူးဆိုတာကို သက်သေပြချင်နေတဲ့‌ ရော်နယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၆ ကြိမ်‌မြောက် ရရှိနိုင်ပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မီဖို့ ပစ်မှတ်ထားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up