မြန်မာနှင့် အိန္ဒိယ တပ်မတော်အရာရှိများ အပြန်အလှန်အလည်အပတ်ခရီးသွားရောက်
DVB
·
December 16, 2019
မြန်မာနဲ့ အိန္ဒိယတပ်မတော်က အရာရှိတွေအကြား အပြန်အလှန် လေ့လာရေးခရီးသွားလာလည်ပတ်ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)က အရာရှိတွေနဲ့ ဇနီးတွေပါတဲ့ အိန္ဒိယတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းက နေပြည်တော် လေဆိပ်ကို ရောက်လာပြီး သူရဲကောင်းဗိမာန် (နေပြည်တော်)သို့သွားရောက်လေ့လာ ပန်းခွေချ အလေးပြုကြ ပါတယ်။
ပြီးတော့ ဥပ္ပါတသန္တိစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ဆင်ဖြူတော်တွေကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ် ဒီချစ်ကြည်ရေးအဖွဲ့မှာ ၁၅၄ ယောက်ပါဝင်ပြီး ဒီဇင်ဘာ ၁၆ ရက်အထိ လေ့လာလည်ပတ်သွားကြမှာဖြစ်ပါတယ်။
အလားတူ ဒီဇင်ဘာ ၁၄ နေ့လယ်ပိုင်းက မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)က အရာရှိ၊ စစ်သည်တွေနဲ့ ဇနီးတွေပါတဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၆၀ ဟာလည်း နေပြည်တော် လေဆိပ်ကနေ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားပါတယ်။