နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဂျပန် တော်ဝင်မင်းသမီး လာရောက်တွေ့ဆုံ
DVB
·
December 16, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဧကရာဇ်ရဲ့ ညီမတော် တော်ဝင်မင်းသမီးယိုကိုက နေပြည်တော်ရှိနေအိမ်မှာ ဒီကနေ့မနက် လာရောက် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား တူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဂျပန်တော်ဝင်မင်းသမီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတာဖြစ်ပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွှေတိဂုံဘုရားအပါအဝင် မြန်မာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဝင်နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။