လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့စည်းရန် ပြင်ဆင်
DVB
·
February 7, 2013
အစိုးရအဖွဲ့က နိုင်ငံရေး အကျဉ်းသားလို့ ပထမဆုံး သုံးနှုန်းပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းဖို့ သမ္မတက ညွှန်ကြားလိုက်ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
ဒီကော်မတီကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်နဲ့ ဖွဲ့စည်း ဆောင်ရွက်သွားဖို့ ညွှန်ကြားထားတာပါ။
ဒီအပေါ်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ ကော်မတီမှာ ပါဝင်ဆောင်ရွက်ဖို့ ဒီနေ့မှာပဲ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။