ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အသရေဖျက်မှုဖြင့် ပန်းတနော် ရဲစခန်း တရားစွဲ
DVB
·
February 7, 2013
မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ လာဘ်စားတာကို ဖော်ထုတ်ဖို့လိုတယ်၊ ပြည်သူတွေအနေနဲ့ ကြောက်စရာ မလိုဘူးလို့ ရွာသားတွေကို ပြောတဲ့အတွက် သူ့ကို ဧရာဝတီတိုင်း ပန်းတနော်ရဲစခန်းက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတယ်လို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ဒီဗွီဘီကို ပြောပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ အောက်ကန်ဇင်းတောကျေးရွာ အင်းမှာ ငါးခိုးဖမ်းတယ်ဆိုပြီး မတရားဖမ်းဆီး ခံထားရသူတွေကိစ္စ၊ ကျေးရွာစာကြည့်တိုက်နဲ့ ကွန်ပျူတာသင်တန်း ကိစ္စတွေ ဆွေးနွေးစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ လာဘ်စားတာရှိရင် ဖော်ထုတ်ရမယ်ဆိုပြီး ပြောခဲ့တဲ့အတွက် ရဲစခန်းမှူး (၂) ယောက်က ရဲတပ်ဖွဲ့ကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုအတွက် လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကျရင် တရားရုံးမှာ တရားလိုပြသက်သေတွေကို စပြီး စစ်ဆေးမှာဖြစ်ကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။