နာဇီခေတ် စစ်ပွဲနောက်ခံ ဖြစ်ရပ်မှန်သမိုင်းဒရာမာရုပ်ရှင်-A Hidden Life(နမူနာ)

စစ်ပွဲနောက်ခံ ဖြစ်ရပ်မှန်ဒရာမာအမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ အ ကြိုက်တွေ့ကြမယ့် A Hidden Life ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာလ ၁၃ ရက် နေ့က စတင်ပြီး ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ Fox Searchlight Pictures ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Terrence Malick က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ၁၉၃၉ ခုနှစ်က သမိုင်းပုံရိပ်တွေကို ထင်ဟပ်စေမယ့် ဇာတ် ဝင်ခန်းမြင်ကွင်းပုံရိပ်တွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဩစတီးယန်းလယ်သမားတ ယောက်ဖြစ်တဲ့ Franz Jägerstätter ဟာ ကက်သလစ်ဘာသာဝင်တဉီးဖြစ်ပြီး ဇနီး၊ သမီး ၃ ယောက်နဲ့အတူ ကျေးလက်မှာ ရိုးရိုးရှင်းရှင်းနေထိုင်ကြတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။  ဒါပေမယ့် အဲဒီအချိန်ကာလက ဖြစ်ပျက်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်မီး တကျော့ ပြန်စတင်ချိန်မှာတော့ နာဇီတွေအတွက် တိုက်ပွဲဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ Franz တယောက် ဘဝကို ဘယ်လိုအဆုံးသတ်သွားခဲ့ရမလဲ၊ ဆိုးဝါးလှတဲ့ ခေတ်အခြေအနေက ဘယ်ထိရောက် အောင်တွန်းပို့သွားမလဲ၊ ဒါတွေကို ဖြစ်ရပ်မှန်ဒရာမာရုပ်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုခြယ်မှုန်းရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာ ဂျာမန်သရုပ်ဆောင်မင်းသား August Diehl၊ ဩစတီးယန်းသရုပ် ဆောင်မင်းသမီး Valerie Pachner နဲ့ ဘယ်လ်ဂျီယမ်သရုပ်ဆောင်မင်းသား Matthias Schoenaerts တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ကြာမြင့်ချိန် ၁၇၄ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ အင်္ဂလိပ်နဲ့ ဂျာမန်ဘာသာ ၂ မျိုးလုံးကို အသုံးပြုထားပြီး ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၇ သန်းနဲ့ ၉ သန်းကြား အကုန်အကျခံ ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ ပြီးခဲ့တဲ့ မေလကတည်းက ပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်း ပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up