A d v e r t i s e m e n t With Us

ဦးဆန်းဆင့်ကို လွှတ်တော် ဥက္ကဋ္ဌ နေရာထားရှိရေး ကျုံပျော်တွင် ဆန္ဒထုတ်ဖော်(ဓာတ်ပုံ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ဒေသခံတွေက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လက်ရှိ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေရာမှာ ဆက်လက်ထားရှိရေး ပါဝင်တဲ့ တောင်းဆိုချက် ၆ ချက် ကိုင်ဆောင်ပြီး လူအင်အား ၅၀ လောက် ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မှုနဲ့ ပတ်သက်ပြီး သမ္မတထံ “ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လက်ရှိ ဥက္ကဋ္ဌ နေရာတွင် တာဝန် ဆက်လက် ထမ်းဆောင်ရေးသည် ကျွန်ုပ်တို့၏ ဆန္ဒဖြစ်သည်” စတဲ့တောင်းဆိုချက်အပါဝင် အချက် ၆ ချက်ပါ စာတမ်းတွေ ကိုင်ဆောင်ပြီး ဒီနေ့ မနက် ၉ နာရီ မိနစ် ၂၀ ကနေ ၁၀ နာရီ မိနစ် ၂၀ လောက်အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဓာတ်ပုံ- ပြည့်ဖြိုး icj (ဟင်္သာတ) Read more

A d v e r t i s e m e n t With Us

More News
Up