Live
Home
မြန်မာသတင်း
သရုပ်ဆောင်မိုးအောင်ရင် ကျပ်သိန်း ၁၀၀ ဖြင့် အာမခံရရှိ
DVB
·
December 13, 2019
ကာမလိမ်လည်မှုနဲ့ တရားစွဲခံထားရတဲ့သရုပ်ဆောင် မိုးအောင်ရင်ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရန်ကင်းမြို့နယ်တရားရုံးက  ကျပ် သိန်း၁၀၀နဲ့ အာမခံပေးလိုက်ပြီး လာမယ့် ဇန်နဝါရီ ၇ ရက်မှာ မှုခင်းစီမံခန့်ခွဲမှုနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။  ချစ်သူလမ်းခွဲလိုက်ပြီဖြစ်ကြောင်းလူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်မှာ ပြောကြားခဲ့တဲ့ မင်းသား  မိုးအောင်ရင်ကို သူ့ရဲ့ရည်းစားဟောင်း မခင်မြတ်နိုး က ကာမလိမ်လည်မှုနဲ့ ရန်ကင်းမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၂၂ရက်က စတင် တရားစွဲဆိုခဲ့တာပါ။ နိုဝင်ဘာ ၂၂ ရက်မှာတော့   ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ အမှုစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဒီအမှုကို စစ်ဆေးဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၇ အရ မည်သူမဆို ကာမလိမ်လည်မှုကိုကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024