A d v e r t i s e m e n t With Us

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု “နည်းဥပဒေ” ကို လွှတ်တော်မှာ ဆွေးနွေးမယ်

အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရ အမျိုးသားစီမံကိန်းနဲ့ စီးပွားတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ” ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့်အကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဥပဒေကြမ်းကော်မတီကိုလည်း လေ့လာပြီး တင်ပြဖို့ ညွှန်ကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ဟာ ဥပဒေကြမ်းကို အတည်ပြုပေးရပြီး နည်းဥပဒေ ကိုတော့ ၀န်ကြီးဌာနက ထုတ်ပြန်ပြီး လက်တွေ့ အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနက အသေးစိတ်ထုတ်ပြန်တဲ့ “နည်းဥပဒေ”ကို လွှတ်တော်မှာ ဆွေးနွေးမယ် ဆိုတာဟာ ဒါ ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်။

A d v e r t i s e m e n t With Us

More News
Up