Homeမြန်မာသတင်း
ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့တွင် ဘိန်းစိုက်ခင်း ၆၆.၅ ဧက ဖျက်ဆီး
ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့တွင် ဘိန်းစိုက်ခင်း ၆၆.၅ ဧက ဖျက်ဆီး
DVB
·
December 13, 2019
ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနဲ့ ဆီဆိုင်မြို့နယ်တို့မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဘိန်းစိုက်ခင်း ၆၆.၅ ဧက ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဟိုပုံးမြို့နယ်၊ ဗန်းစောက်ကျေးရွာ၊ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာမှာ အမြင့် ၆ လက်မမှ ၁ ပေခန့်ရှိ ဖွံ့ဖြိုး/သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။
ပင်လောင်းမြို့နယ်မှာလည်း ဝါးပြုံးကျေးရွာ၊ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာမှာ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၅ ဧကခန့်၊ ဖယ်ခုံမြို့နယ်၊ ကောင်းဆောင်ကျေးရွာ၊ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာမှာ အမြင့် ၂ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း ဧက ၂၀ ခန့်၊ ဆီဆိုင်မြို့နယ်၊ ထမ့်ယမ်းကျေးရွာ၊ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာက အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်တို့အား အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။