ခမီရိုးရာဆနီပွဲ ဘူးသီးတောင်မြို့တွင် ကျင်းပ
DVB
·
December 12, 2019
နတ်တော်လပြည့်နေ့ ကျရောက်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တကျောင်းမှာ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပပါတယ်။
ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုအဖွဲမှ ဦးသိန်းမောင်က "ဆနီပွဲက နေနဲ့ လ ကို ပူဇော်ပသတဲ့ ပွဲပါ။ ရှေ့ခေတ် ဘိုးဘွားဘီဘင်း လက်ထက်တွေ ကတည်းက ကျင်းပခဲ့ကြတာပါ။ နေ အကနဲ့ လအက ဆိုပြီးရှိပါတယ်။ "နေ"ထွက် လာတဲ့အချိန်မှာ နေ ထွက်အကကို ကကြပြီး "လ"ထွက်လာတဲ့ အချိန်မှာ လထွက်အက ကို ကကြရပါတယ်။ ဆနီပွဲကျင်းပတဲ့ ကွင်းမှာ "လ"တိုင်နဲ့ "နေ"တိုင်ကို စိုက်ထူရာမှာ ဝါး ၇၅ လုံးနဲ့ ပြုလုပ်ရတယ်။ လတိုင်နဲ့နေတိုင်မှာ ကျွဲး နွား တကောင်စီချည်ပြီး သတ်ဖြတ်ပူဇော်ကြရတယ်။ နောက်ရက်တွေမှာ ကပွဲ ဆက်ကျင်းပချင်တယ်ဆိုရင် ငွေကြေးတတ်နိုင်သူတွေက ၀က်ကိုချည်နှောင်ပြီး သတ်ဖြတ်ပူဇော် ကပြကြရပါတယ်။ ပွဲရက်တိုးချဲ့ကပြမယ်ဆိုရင် နောက်ထပ်သားကောင်တွေကို ချည်နှောင် သတ်ဖြတ်ပြီး ကပြရပါတယ်။”လို့ ပြောပါတယ်။
ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာမှာ တနှစ်ကျင်းပ ခဲ့ကာ အကြောင်းအမျိုးမျိုးကြောင်း ဆက်လက်မကျင်းပနိုင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တ ကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။
ကောင်းကောင်း