A d v e r t i s e m e n t With Us

ခမီရိုးရာဆနီပွဲ ဘူးသီးတောင်မြို့တွင် ကျင်းပ

နတ်တော်လပြည့်နေ့ ကျရောက်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တကျောင်းမှာ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပပါတယ်။ ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမှုအဖွဲမှ ဦးသိန်းမောင်က "ဆနီပွဲက နေနဲ့ လ ကို ပူဇော်ပသတဲ့ ပွဲပါ။ ရှေ့ခေတ် ဘိုးဘွားဘီဘင်း လက်ထက်တွေ ကတည်းက ကျင်းပခဲ့ကြတာပါ။ နေ အကနဲ့ လအက ဆိုပြီးရှိပါတယ်။ "နေ"ထွက် လာတဲ့အချိန်မှာ နေ ထွက်​အကကို ကကြပြီး "လ"ထွက်လာတဲ့ အချိန်မှာ လထွက်​အက ကို ကကြရပါတယ်။ ဆနီပွဲကျင်းပတဲ့ ကွင်းမှာ "လ"တိုင်​နဲ့ "နေ"တိုင်​ကို စိုက်​ထူရာမှာ ဝါး ၇၅ လုံးနဲ့ ပြုလုပ်​ရတယ်​။ လတိုင်​နဲ့​နေတိုင်​မှာ ကျွဲး နွား တကောင်​စီချည်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ကြရတယ်​။ နောက်​ရက်​တွေမှာ ကပွဲ ဆက်​ကျင်းပချင်​တယ်​ဆိုရင် ​ငွေ​ကြေးတတ်​နိုင်​သူ​တွေက ၀က်​ကိုချည်​နှောင်​ပြီး သတ်​ဖြတ်​ပူ​ဇော်​ ကပြကြရပါတယ်​။ ပွဲရက်​တိုးချဲ့ကပြမယ်​ဆိုရင် နောက်​ထပ်​သား​ကောင်​တွေကို ချည်​နှောင် ​သတ်​ဖြတ်​ပြီး ကပြရပါတယ်​။”လို့ ပြောပါတယ်။ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာ ဆနီပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး မြောက်ဦးမြို့နယ် ‌လောင်ရီချောင်းကျေးရွာမှာ တနှစ်ကျင်းပ ခဲ့ကာ အကြောင်းအမျိုးမျိုးကြောင်း ဆက်လက်မကျင်းပနိုင်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတ္တ ကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။ ကောင်းကောင်း

A d v e r t i s e m e n t With Us

More News
Up