ရော့ခ်အဆိုတော် ဟယ်ရီလင်း ကွယ်လွန်

ရော့ခ်အဆိုတော် ဟယ်ရီလင်း အသက် ၅၂နှစ်ဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြို့ပတ်လမ်း အိမ်အမှတ် ၁၁ မှာ ဒီနေ့ ညနေ ၄ နာရီက ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ တကိုယ်တော် တေးစီးရီး ၇ ခုလောက် သီဆိုခဲ့ပြီး ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း တေးစီးရီးဟာ သူ့ရဲ့ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ပါတယ်။ မကွယ်လွန်မီ ၃ လလောက်ထိ ရော့ခ်သီချင်းတွေ သီဆိုခဲ့ပြီး သူ့ဘ၀တလျှောက်လုံး ရော့ခ်သီချင်းတွေပဲ နှစ်နှစ်သက်သက် သီဆိုခဲ့တဲ့ တေးသံရှင်တဦးဖြစ်တယ်လို့ သူငယ်ချင်းဖြစ်တဲ့ ကိုမင်းနောင်က ပြောပါတယ်။ ဟယ်ရီလင်းဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၂ ဦး ကျန်ရစ်ပါတယ်။ ဟယ်ရီလင်းရဲ့ ဈာပနကို ဖေဖော်ဝါရီ ၇ ရက်မှာ ရေဝေးသုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

//
More News
Up