ညောင်ပင်သာမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
December 12, 2019
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနယ်မြေရဲစခန်းအပိုင်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၂ နာရီခွဲလောက်က လမ်းဘေး ရပ်ထားတဲ့ ၂၂ ဘီးယာဉ်ကို အက်စစ်တင်ယာဉ်က နောက်ကနေ ဝင်တိုက်မိတာကြောင့် ၁ ယောက်သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ရပ်ထားတဲ့ကားကို ဝင်တိုက်တာပါ။ အခုမောင်းလာတဲ့သူကလည်း စပါယ်ယာလို့ သိရတယ်။ ဒရိုက်ဘာက အိပ်ချင်လို့ ခဏလဲ မောင်းချိန်မှာဖြစ်သွားတာ။ မောင်းလာတဲ့သူကတော့ နေရာမှာတင်ဆုံးသွားတယ်။ ယာဉ်ပေါ်ပါလာတဲ့ နှစ်ယောက်ကလည်း အက်စစ်အရေတွေထိပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်။"
ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၂/၂ နဲ့ ၁၂၂/၃ အကြား ဇဟားအုပ်စုရွာ သာယာကျေးရွာအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ အက်စစ်တင်လာတဲ့ ၁၂ ဘီးယာဉ်မောင်း ထွန်းထွန်းဝင်း ထိခိုက်ဒဏ်ရာတွေ ရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ် လိုက်ပါလာသူ ၂ ယောက် အက်စစ်လောင် ဒဏ်ရာတွေ ရရှိခဲ့လို့ ဖြူးမြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မောင်းထွန်းထွန်းဝင်း (ခ) ခေါင်းကြီးအား ညောင်ပင်သာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)