ချောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
December 12, 2019
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကိစ္စ ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အဆင်ပြေချောမွေ့စေရေးအတွက် ချောက်မြို့မှာ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို ချောက်မြို့ အေးစေတီဘုရားရင်ပြင်တော်မှာ မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဆရာတော်သံဃာတော်၊ သီလရှင် ဆရာလေးတွေနဲ့ ဒေသခံအင်အား ၈၀ ခန့်တို့က ဆီးမီးအမွှေးတိုင် သပြေခက်တွေ ကိုင်ကာ အရပ်ရှစ်မျက်နှာမေတ္တာပို့ဆုတောင်းပြီး ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ သံပြိုင် ဆုတောင်းခဲ့ကြတာပါ။
သတင်း- ကိုလင်း(ချောက်)