A d v e r t i s e m e n t With Us

နာပိုလီအသင်း ဂျန့်ကိုနိုင်ပြီး နာရီပိုင်းအကြာ အန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်

အသင်းကို ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ နာပိုလီ နည်းပြ ကားလို့စ်အန်ဆယ်လော့တီဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။  ဂျန့်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နာပိုလီအသင်းဟာ ၄ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမတိုင်ခင် ပြိုင်ပွဲစုံ ကိုးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။  နာမည်ကျော် ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို ပြီးခဲ့တဲ့နှစ်က စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အခုရာသီမှာ သူ့အသင်းဟာ ရလဒ်တွေဆိုးရွားနေကာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်ရှိနေပါတယ်။  အသင်းရလဒ်တွေအပြင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သူနဲ့ နာပိုလီ အသင်းပိုင်ရှင်တို့အကြားက ပြဿနာဟာလည်း သူ့ကိုရာထူးကနေ ထုတ်ပယ်ဖို့ တွန်း  အားဖြစ်စေတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။  ပြီးခဲ့တဲ့လမှာ နာပိုလီအသင်းဥက္ကဌဒီလော်ရန်းတစ်က အသင်းသားတွေကို တပတ်ကြာ ကန့်ဝင်လေ့ကျင့်ရေးဆင်းဖို့ ညွှန်ကြားခဲ့ပေမယ့် အန်ဆယ်လော့တီနဲ့ နာပိုလီအသင်းသားတွေက ဒီညွှန်ကြားချက်ကို မလိုက်နာခဲ့တာကြောင့် စာမျက်နှာတွေထက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ပွားခဲ့ရတာပါ။ အန်ဆယ်လော့တီဟာ ၂၀၀၉-၂၀၁၀ ရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုံမှန်နည်းပြလက်မဲ့ဖြစ်နေတဲ့ အာဆင်နယ်နဲ့ အဲဗာတန်တို့က  သူ့ကိုချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။  အန်ဆယ်လော့တီဟာ နည်းပြဘဝမှာ  ခမ်းနားတဲ့ အောင်မြင် မှုမှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ဥရောပဖလားတွေကို သုံးနှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့  နည်း ပြသုံးဦးထဲမှာ တဦးအပါအဝင်ဖြစ်ပါတယ်။  သူဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား နှစ်လုံး ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁ လုံး ရရှိခဲ့ပါတယ်။ ဒါ့အပြင် မီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အတူ ပြည်တွင်းဖလားတွေကိုလည်း ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။  သူ့ကိုရာထူးကနေ ထုတ်ပယ်ခဲ့တာကြောင့် နည်းပြလက်မဲ့ဖြစ်နေတဲ့ နာပိုလီအသင်းဟာ အေစီမီလန် နည်းပြဟောင်း ဂတ်တူဆိုကို ချိတ်ဆက်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up