ဂျပန်ရုပ်ရှင်ပွဲတော် နေပြည်တော်တွင် ၂ ရက်ကြာ ကျင်းပမည်
DVB
·
December 12, 2019
နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်မှာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ထင်ဟပ်ပုံဖော်ထားတဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ပြသသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်၊ အောင်သပြေရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်မယ့် ဒီရုပ်ရှင်ပွဲတော်မှာ မြန် မာစာတန်းထိုး၊ အင်္ဂလိပ်စာတန်းထိုးဇာတ်ကားတွေ ပါဝင်မှာဖြစ်ကာ ရုပ်ရှင်မစမီ အချိန် တနာရီအလိုမှာ လက်မှတ်တွေ ရယူကာ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြသမယ့် ရုပ်ရှင်ကားတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဂျပန်ရုပ်ရှင် ပွဲတော် ဖေ့စ်ဘွတ်ခ်စာမျက်မှာပေါ်မှတဆင့် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။