ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
DVB
·
December 11, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံဘက်ကနေ လျှောက်လဲသွားတဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ် အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးအဖွဲ့ဝင် ပါမောက္ခ မစ္စဖိုဘီအိုကိုဝါရဲ့ ထွက်ဆိုချက်တွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
-နေရပ်စွန့်ခွာသွားသူတွေကို မြန်မာနိုင်ငံကိုပြန်လာဖို့ ဖိတ်ခေါ်နေတဲ့အချိန်ဖြစ်နေတယ်။ လူမျိုးတုံးမှု အခြေအနေရှိတယ်ဆိုရင် ပြန်လည်ဖိတ်ခေါ်တာတွေ လုပ်မှာမဟုတ်ဘူး။
-ကျမအနေနဲ့ အပိုင်း ၂ ပိုင်းကို သုံးသပ်သွားမှာဖြစ်တယ်။ ဘေးအန္တရာယ်ရှိတဲ့နေရာမှာပဲ ဖော်ပြရမှာဖြစ်တယ်။ တကယ့်စီရင်ပိုင်ခွင့်ရှိသလားဆိုတာလည်း သွားရမှာဖြစ်တယ်။ တကယ့် လက်တွေ့သုံးသပ်ရင် မရှိပါဘူး။ လက်တွေ့မြန်မာနိုင်ငံတွင်းမှာ သိသာတဲ့ဘေးအန္တရာယ်ရှိသလား ဆိုတာ သုံးသပ်ရမှာဖြစ်တယ်။
-ကုလသမဂ္ဂ စီမံကိန်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ထောက်ပံ့နေတာတွေရှိတယ်။ ကုလသမဂ္ဂ အနေနဲ့ ကြားဝင်ပြီးတော့ နှစ်နိုင်ငံ ဆွေးနွေးနေတာဖြစ်တယ်။ ဒီအတွက်ကြောင့် လူသားမျိုးတုံးတယ်ဆိုတဲ့ ဘေးအန္တရာယ်ရှိတယ်ဆိုတာ ပြောလို့မရပါဘူး။
-အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေကို မလေးရှား၊ ထိုင်း၊ စင်ကာပူကလည်း ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မြန်မာအစိုးရရဲ့ ပြန်လည်ထူထောင်ရေးအပိုင်းက လုပ်ဆောင်တာက ချောမွေ့စွာ လုပ်ဆောင်နေတာကို တွေ့ရတယ်။
-ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာဖို့ ဆွေးနွေးပြီးသားဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံကလည်း ဒီကိစ္စမှာ ပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံကလည်း ပြန်လာရင် ထရပ်ကားတွေသုံးဖို့ ကားအစီး ၂၀ ကို ပံ့ပိုးပေးမယ်လို့ ကတိပေးတယ်။ ယူဂမ်ဒါကလည်း မြန်မာနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ် ပဋိပက္ခ လျှော့ချဖို့ နေရပ်ပြန်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြန်လည်နေရာချဖို့ အခြေအနေမှာတော့ အခု မတည်ငြိမ်သေးတဲ့အတွက် အခက်အခဲရှိနေသေးတယ်။
-ဂျီနိုဆိုက် အန္တရာယ်မြန်မာနိုင်ငံထဲမှာ ရှိနေတယ်ဆိုတဲ့ကိစ္စက မေးစရာဖြစ်တယ်။ ဒီကိစ္စတွေကို တော့ အချိန်တိုအတွင်းမှာ ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည် နေရာချထားရေးကိစ္စတွေကို မြန်မာအစိုးရက လုပ်ဆောင်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင်လုပ်နေပါတယ်။
-၂၀၁၆-၁၇ မှာဖြစ်တဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်စရာ အမှန်ပါပဲ။ ၂၀၁၆ မှာ အာဆာ တိုက်ခိုက်မှုတွေ ဖြစ်တယ်။ လုံခြုံရေးတပ်ဖွဲ့နဲ့ အိုင်ဒီပီသေဆုံးမှုတွေ ရှိခဲ့တယ်။
-ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ရှုပ်ထွေးမှုရှိနေပါတယ်။ တဘက်က အာဆာက ရှိသလို အေအေကလည်း မြန်မာ့တပ်မတော်နဲ့တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဒီမှာ မွတ်စလင်တွေကိုရော မွတ်စလင်မဟုတ်တဲ့လူတွေကိုရော ထိခိုက်မှုတွေရှိတယ်။
-မြန်မာအနေနဲ့ ဂျီနိုဆိုက် ကွမ်ဗန်းရှင်းကို ဖောက်ဖျက်တယ်ဆိုတဲ့ ချက်ချင်းအန္တရာယ်မရှိပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်နေပါတယ်။ ဒါကို တရုတ်နဲ့ ဂျပန်နိုင်ငံတွေ ကလည်း ထောက်ခံကူညီနေတာ ရှိပါတယ်။
-ကုလအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ပြောခဲ့တာရှိပါတယ်၊ ရခိုင်ပြည်နယ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ဟာက ရှုပ်ထွေးတယ်။ ကြိုးစားဖို့၊ သန္နိဋ္ဌာန်ထားရှိဖို့ လိုတယ်၊ စိတ်ရှည်ဖို့လိုတယ်လို့ ပြောသွားတာရှိပါတယ်။ အဲတော့ ကျမအနေနဲ့ မြန်မာနိုင်ငံကို ချက်ချင်းလက်ငြင်း အန္တရာယ်ရှိတယ် ဆိုတဲ့ဟာကို ကျမ ချေဖျက်ပါရစေ။