အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ ကျောက်ပန်းတောင်းတွင် ပြုလုပ်
DVB
·
December 11, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုကို ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးကြောင်း ကျောက်ပန်းတောင်း မြို့နယ်က ဒေသခံ ၅၀၀၀ ကျော် ဒီကနေ့မနက်ပိုင်းက ချီတက်ခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်တဲ့ ထောက်ခံပွဲကို ကျောက်ပန်းတောင်းမြို့၊ မြို့ရှေ့ရပ် ပန်းသီတာဥယာဉ်စုရပ်ကနေ မြို့နယ်အားကစားကွင်းအထိ မြို့တွင်းလမ်းမကြီးအတိုင်း ချီတက်ခဲ့ကြတာပါ။
“We stand with Daw Aung San Suu Kyi” (ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ) စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ကာ အမေစု- အောင်မြင်ပါစေ၊ တိုင်းပြည်ချစ်တဲ့ အမေစု အောင်ပါစေ လို့ ကြွေးကြော် ချီတက်ခဲ့ကြတာပါ။
ဂမ်ဘီယာနိုင်ငံအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် ကနေ ၁၂ ရက်နေ့အထိ ကြားနာနေတာပါ။
ကိုလင်း(ချောက်)