A d v e r t i s e m e n t With Us

နေပြည်တော်ဘုန်းကြီးကျောင်းများ မဖျက်သိမ်းတော့ဟု နှုတ်ကတိပေးခဲ့

နေပြည်တော် ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်က ဘုန်းကြီးကျောင်း ၂၆ ကျောင်းကို သစ်တောမြေထဲ ပါနေတဲ့အတွက် ဖျက်သိမ်းဖို့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ အာဏာပိုင်တွေက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ  ၂ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက မဖျက်သိမ်းတော့ဘူးဆိုပြီး နှုတ်ကတိပေးခဲ့တယ်လို့ ဇမ္ဗူသီရိမြို့နယ် မိထ္ထီလာကျောင်းဆရာတော် ဦးစန္ဒိမာက မိန့်ကြားပါတယ်။ ဒါပေမယ့် လုံးဝမဖျက်သိမ်းတော့ပါဘူးဆိုတဲ့ တရားဝင်စာတော့ အခုထက်ထိ မထွက်သေးဘူးလို့ ဆရာတော်က မိန့်ပါတယ်။ တကယ်လို့ သစ်တောမြေထဲမှာ ပါနေတယ် ဆိုရင်တောင် ဒီအတိုင်းမဖျက်သိမ်းပဲ တခြား သာသနာနယ်မြေတခုခု အစားထိုးပေးသင့်ပါတယ်လို့ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up